Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် ဧရာဝတီ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ် အရပ်ရပ်ဆိုင်ရာ သင်းလုံးကျွတ်အစည်းအဝေးကျင်းပ


18 Sep,2026

အောင်လံ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ဧရာဝတီငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ် အရပ်ရပ်ဆိုင်ရာသင်းလုံးကျွတ်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စမ်းချောင်းရပ်ကွက် သာသနာ့အလင်းဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌနှင့် စမ်းချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားပြီး ဧရာဝတီ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ကိုဖတ်ကြားခြင်း၊ ဧရာဝတီ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း ဖတ်ကြားရှင်းလင်းခြင်း၍ အသင်းသားများက အတည်ပြုခြင်းတို့ ဆောင်ရွက်သည်။

ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး အသင်းသားများအား အစုပေါ် အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။ အလားတူ ဧရာနဒီငွေစုငွေချေး သမဝါယမ အသင်းလီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ် အရပ်ရပ်ဆိုင်ရာသင်းလုံးကျွတ်အစည်းအဝေးကို နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်