Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်


18 Sep,2026

သရက် စက်တင်ဘာ ၁၇

       မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးတိုင်း-ညောင်ဇစ်လမ်းမှ အုတ်ရှစ်ကုန်း-သပြေစမ်း ကျေးရွာချင်းဆက်လမ်း မြေသားတာပေါင်တင်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာလ ၁၇ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ဝတ်ရည်ဦးနှင့် သရက်ခရိုင် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ ခရိုင်တာဝန်ခံတို့က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သရက်မြို့နယ် ကြီးတိုင်း-ညောင်ဇစ်လမ်းမှ အုတ်ရှစ်ကုန်း- သပြေစမ်း ကျေးရွာချင်းဆက်လမ်း မြေသားတာပေါင်တင်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်သိပ်သည်းဆ ရှိ၊ မရှိ DCP Test ကိရိယာဖြင့်စစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။

      အဆိုပါ ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင်၊ အကျယ် ၁၈ ပေ မြေသားတာပေါင်တင်ခြင်းနှင့် ထု ၈ လက်မ မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ ခွင့်ပြုငွေ ငွေကျပ် ၁၁၄ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၆၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

        ကျေးရွာချင်းဆက်လမ်းဖောက် လုပ်ပြီးစီးပါက အုတ်ရှစ်ကုန်း၊ သပြေစမ်း၊ ကြီးတိုင်း၊ ညောင်ဇစ် ကျေးရွာတို့ရှိ အိမ်ခြေ ၄၈၀ လူဦးရေ ၁၉၁၈ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်