Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဓနုဖြူမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အမှုဆောင်သစ်ရွေးချယ်


21 Sep,2026

ဓနုဖြူ   စက်တင်ဘာ    ၁၈

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြောက်ခြင်း အခမ်းအနားကို မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး သို့တင်ပြသည့် လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာအား တင်ပြခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းသားစာရင်းစစ်အစီရင်ခံစာ ဖတ်ကြားတင်သွင်းသည်။

ထို့နောက် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ခြင်းအခမ်းအနားကိုကျင်းပရာ သဘာပတိ တိုင်းဒေသကြီး အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က အမှာစကားပြောကြားပြီး ဒါရိုက်တာအဖွဲ့ဝင် များနှင့် အသင်းစာရင်းစစ်အဖွဲ့ ရွေးချယ်ခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်