Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု


21 Sep,2026

ဆီဆိုင် စက်တင်ဘာ ၂၀

          ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စက်တင် ဘာ ၁၉ ရက်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်သည့်နေရာများ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ဆီဆိုင်မြို့နယ် ကုန်းဆွတ်-လာဇရူး-တောင်သာ- တရောက်-ဖာလိုင်လမ်းပေါ်ရှိ ပေ ၂၀၀ သံကူကွန်ကရစ်တံတား (ဒုတိယပိုင်း) တည်ဆောက်နေမှု၊ ဆမ်ဆိုင်-နားကောင်း-နောင်ပွဲ- ကွန်ပိန်း-ဟိုလိုင်း-ဆိုင်လဲလမ်း ကတ္တရာလမ်း ဆောင်ရွက်နေမှု၊ ဘန်းယဉ်-နောင်ခွန်-နားယိန်း လမ်းပေါ်ရှိ ပေ ၄၀ သံကူကွန်ကရစ်တံတား (ပထမပိုင်း) တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်