Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သန်လျင်မြို့နယ်၌ လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး


21 Sep,2026

ရန်ကုန် စက်တင်ဘာ ၁၉

        သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးပြေမကျေးရွာအဝင်လမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၉ ရက် က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)၊ သန်လျင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ သန်လျင်မြို့နယ်ဦးစီးမှူး နှင့် အရည်အသွေးစစ်ဆေးရေး တာဝန်ရှိသူများ ပါဝင်သော အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

      ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ဆောင်ရွက်လျက်ရှိသော တံတားလုပ်ငန်းကို သတ်မှတ်ထားသောဒီဇိုင်း၊ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး အလေးထား ကြီးကြပ် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်