ကျုံပျော် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်၍ ပျက်စီးခဲ့ရသော ကျုံပျော်- မှန်ကုန်းလမ်း ကျောက်လမ်းပျက်စီးနေမှု အခြေအနေကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ် တာဝန်ခံများက လမ်းပျက်စီးမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး အင်ဂျင်နီယာချုပ်က လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်