Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကလောမြို့နယ် သမဝါယမအသင်းစု(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ကျင်းပ


22 Sep,2026

ကလော စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို‌ ယမန်နေ့က အောင်ပန်းမြို့၌ ကျင်းပသည်။

ဦးစွာ သဘာပတိ ဦးခင်ထွန်းက အဖွင့်အမှာစကား‌ပြောကြားပြီး ရှမ်းပြည်နယ်တောင်ပိုင်း သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖေသန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်တို့က ၁/၂၀၂၆ ပြင်ဆင်သည့် သမဝါယမဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကလောမြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက အမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုနှင့်ရှေ့လုပ်ငန်းစဉ်များ၊ ပြင်ဆင်သည့် အသင်း စည်းကမ်းကို ဖတ်ကြားတင်ပြခဲ့ရာ တင်ပြချက်များအပေါ် သဘာပတိက အသင်းဝင်ကိုယ်စားလှယ် များ၏ အတည်ပြုချက်များရယူ၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်