Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်လောင်းမြို့နယ်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


22 Sep,2026

ပင်လောင်း စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် သဘာပတိ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစိုင်းနော်ခမ်း၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုလီမိတက် ဒုတိယဥက္ကဋ္ဌ ဦးဖေသိန်းတို့က အဖွင့်အမှာစကားပြောကြားကြပြီး၊ သမဝါယဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝေယံ‌ထွေးက သမဝါယမလုပ်ငန်း ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ အသင်းစုဒါရိုက်တာ ဦးစိုင်းမြင့်ဦးက လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊  အသင်းစုဒါရိုက်တာအတွင်းရေးမှူး ဦးညွန့်မောင်က အသင်းစု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲ ဝေမှုစာရင်းများကိုလည်းကောင်း၊ အသင်းစုစာရင်းစစ် ဦးချစ်သိန်းက အသင်းသားစာရင်းစစ် အစီရင်ခံစာ များကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းပြီး အသင်းစည်းကမ်းပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ဘဘာပတိက အသင်းသားများ၏ သဘောဆန္ဒများကို အတည်ပြုချက်ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်