Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ် ကျုံမရမ်းကျေးရွာ၌ တွင်းဆေး တွင်းမှုတ်ခြင်းလုပ်ငန်းစစ်ဆေး


24 Sep,2026

ကျုံပျော်မြို့နယ် ကျုံမရမ်းကျေးရွာ၌ တွင်းဆေး တွင်းမှုတ်ခြင်းလုပ်ငန်းစစ်ဆေး
=====================================
ကျုံပျော်၊ စက်တင်ဘာ-၂၄
 
    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံ ပျော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ငဝန်ရေကာတာထူးပေါက်၍ ရေကြီး နစ်မြှပ်ခဲ့သည့် ကျုံမရမ်းကျေးရွာ၌ တွင်းဆေး တွင်းမှုတ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိ သူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ် ဆေးကြကြောင်းသိရသည်။
    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်း ကျုံပျော်မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစန္ဒာဌေးနှင့်ဝန်ထမ်းများက ကျုံမရမ်းကျေးရွာ၌ ဌာနမှဆောင်ရွက်ပေးခဲ့သည့် စက်ရေတွင်းအား တွင်းဆေးတွင်းမှုတ်ခြင်းလုပ် ငန်းဆောင်ရွက်နေမှုနှင့် ကျေးရွာတွင်းရှိ ပုဂ္ဂလိကပိုင်လက်နှိပ်တုံကင်တွင်းများအား ကလိုရင်းဆေး ခတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ကိုကြည့်ရှု့စစ်ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ‌တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျန်းမာရေးနှင့်ညီညွတ်ပြီးသန့်ရှင်းသော သောက်သုံးရေရရှိသည်အထိဆောင်ရွက်ပေး‌နေမှုနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
      ကျုံပျော်မြို့နယ်၌ ငဝန်ရေကာတာ၏ အောက် ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ် သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့ရာမှ ရေကြီးနစ်မြှပ်မှုဖြစ်ပေါ်ခဲ့ သည့် ကျုံမရမ်းကျေးရွာ၌ သန့်ရှင်းသောသောက် သုံးရေရရှိရေးအတွက် ဌာနမှဆောင်ရွက်ပေးထား သည့် စက်ရေတွင်း(၁)တွင်းအား တွင်းဆေးတွင်းမှုတ်ခြင်း၊ ပုဂ္ဂလိကပိုင်လက်နှိပ်တုံကင်တွင်း(၄၄)ခုအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျုံမရမ်းကျေး ရွာရှိ အိမ်ခြေ ၁၁၆ အိမ်မှ လူဦးရေ ၆၈၅ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များပါသန့်ရှင်းသော သောက်သုံးရေကိုရရှိနေပြီဖြစ်ကြောင်း၊ ကျုံ‌ပျော်မြို့နယ်အတွင်း၌ ရေကြီးနစ်မြှပ်ခဲ့သည့် ကျေးရွာရွာကိုလည်း တွင်းဆေးတွင်းမှုတ်ခြင်း၊ ကလိုရင်းဆေး ခတ်ခြင်းလုပ်ငန်းများကို ဆက်လက်ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျုံပျော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစန္ဒာဌေးထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်