Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဟာအောင်မြေမြို့နယ်၌ အမှုဆောင်ဒါရိုက်တာသစ် ရွေးချယ်တင်မြှောက်ပွဲကျင်းပ


24 Sep,2026

မဟာအောင်မြေ စက်တင်ဘာ ၂၂

မဟာအောင်မြေမြို့နယ်၌ သမဝါသမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ် ရွေးချယ်တင်‌မြှောက် ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အသင်းစုရုံး၌ ကျင်းပသည်။

ဦးစွာ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးဦးနှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်တို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လင်းစုအောင်က လုပ်ငန်းဆိုင်ရာများဆွေးနွေးတင်ပြခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများ ဖတ်ကြားခြင်း၊ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာများနှင့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမှုဆောင်အဖွဲ့အား အဆိုပြုထောက်ခံစနစ်ဖြင့် အသင်းအမှုဆောင်နှင့်‎ အသင်း စာရင်းစစ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူကာ အသင်းဥက္ကဋ္ဌ အသစ်က မိတ်ဆက် စကားပြောကြားပြီး သဘာပတိက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်