ကျောက်ဆည်မြို့နယ် မြို့သာကျေးရွာ၌ RBF စီမံကိန်းဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွား(နို့ပေးနွားမ) မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
ကျောက်ဆည် စက်တင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့သာကျေးရွာ၌ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွား (နို့ပေးနွားမ)မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်ဆုအောင်နှင့် ဝန်ထမ်းများက စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြို့သာကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် မျိုးကောင်းမျိုးသန့်ဒေသနွား(နို့ပေးနွားမ)မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက RBF စီမံကိန်း အသင်းသား၊ အသင်းသူများ နှင့် တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း ရန်ပုံငွေ ကျပ်သိန်းသုံးရာအား အစုအဖွဲ့စနစ်ဖြင့် နို့စားနွား မွေးမြူးရေးလုပ်ငန်းဆောင်ရွက်သည့် ချယ်ရီအဖွဲ့၊ အင်ကြင်းအဖွဲ့၊ ငုဝါအဖွဲ့နှင့် ပိတောက်အဖွဲ့၊ စုစုပေါင်း အသက်မွေးဝမ်းကျောင်းအဖွဲ့ ၄ ဖွဲ့ကို တစ်ဖွဲ့လျှင် စီမံကိန်းရန်ပုံငွေကျပ် ၇၅ သိန်းစီ ထုတ်ချေးပေးထား ကြောင်း၊ အဆိုပါချေးငွေများဖြင့်မျိုးကောင်းမျိုးသန့်ဒေသနွား(နို့ပေးနွားမ) ၁၂ ကောင် မွေးမြူခဲ့ရာ ယခုအခါ အကောင် ၂၀ အထိတိုးပွားလာ၍ နွား ၈ ကောင် တိုးပွားလာသည့်အတွက် စီမံကိန်း အစုအဖွဲ့ဝင်များ၏ မိသားစုဝင်ငွေ တိုးတက်လာခြင်းနှင့် ရေရှည်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်နိုင်ရန် အထောက်အကူပြုကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်