ကျောက်ဆည် စက်တင်ဘာ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၀၈ ဒသမ ၅၅၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေးလမ်းမှ မုန့်ပေါင်း- သပြေကုန်း - တောတွင် (၀/၃) မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးရဲခေါင်ထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး)က ကျောက်ချောလမ်းခင်းရာ၌ လမ်းအရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မှာကြားခဲ့ကြောင်းနှင့် လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ကျေးရွာလေးရွာရှိ အိမ်ခြေ ၆ဝ၄ အိမ်မှ လူဦးရေ ၃၄၆၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် များစွာအကျိုးပြုမည်ဖြစ်သည်။
သက်မောင်(ကျောက်ဆည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်