နေပြည်တော် စက်တင်ဘာ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ မြို့နယ်(၄၄)မြို့နယ် မှ သမဝါယမအသင်းစုများ၊ လုပ်ငန်းသမဝါယမအသင်းစုများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက (၂၁-၉-၂၀၂၆) မှ (၂၂-၉-၂၀၂၆) ထိ ကျင်းပပြုလုပ်ခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား သမဝါယမကဏ္ဍမှ စနစ်တကျ လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ရေး၊ လယ်ယာထွက် ကုန်ကြမ်းများကို အသုံးပြု၍ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး သမဝါယမဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စနစ်တကျနှင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင် သမဝါယမလုပ်ငန်းများဖြစ်အောင် ဆောင်ရွက်နိုင်ရေး ဖြည့်စွက် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက တက်ရောက်လာသည့် တိုင်းသမဝါယမအသင်းစုချုပ်၊ မြို့နယ် (၄၄) ခုမှ ဦးစီးမှူးများနှင့် မြို့နယ်သမဝါယမအသင်းစုများမှ B.O.D များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၂၉) မြို့နယ်ရှိ အခြေခံ သမဝါယမအသင်းများမှ အသင်းသူအသင်းသား (၈၂) ဦးနှင့်တွေ့ဆုံကာ နိုင်ငံတော်အစိုးရက နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့် သွင်းအားစုများအား သီးနှံပေါ်ပေးစနစ် ပံ့ပိုးပေးလျက်ရှိသဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းစိုက်ပျိုးကြရေး၊ သမဝါယမစိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား စနစ်တကျ ပိုမိုတိုးမြှင့်ထုတ်လုပ်ရေးနှင့် နိုင်ငံ့စီးပွား မြင့်မားတိုးတက်ရေးအတွက် မောင်းနှင်အားဖြစ်စေရေး မှာကြားပြီး အသင်းသူအသင်းသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်