စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စောင့် ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၅:၀၀နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန(ရုံးချုပ်)၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က“စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်းဆိုင်ရာTheory နဲ့ Concept များ၊ ဆောင်ရွက်ရမဲ့ လုပ်ငန်းတာဝန်များ၊ သတင်းအချက် စီမံခန့်ခွဲမှုစနစ်(MIS)စနစ်ရဲ့ ဆောင်ရွက်ချက်များကို ၃ရက်တာ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း လုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဦးစီးဌာနရဲ့ မူဝါဒ/လုပ်ငန်း စဉ်များမှာ အချက်တစ်ချက်အနေနဲ့ ထည့်သွင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်နေတာပဲ ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်အဆင့်ဆင့်မှာလဲ စောင့်ကြည့်စစ်ဆေးခြင်းနဲ့ အကဲဖြတ်သုံးသပ် ခြင်းလုပ်ငန်းတွေကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပြီး ဦးစီးဌာနမှ ဆောင် ရွက်လျက်ရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရမှာပဲ ဖြစ်ပါကြောင်း၊ ဦးစီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် အချိန်နှင့်တပြေးညီ စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်း များကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု များဖြင့် ဆောင်ရွက်သွားကြရမှာဖြစ်တဲ့အတွက် ယခုသင်တန်းက ပို့ချချက်များကို မှတ်သားလိုက်နာပြီး ဦးစီးဌာန၏ M&E/MIS စနစ်ကိုပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွား ကြရန် မှာကြားလိုပါကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့မှ လက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၃၄)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြပြီး အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၂ရက်နေ့မှ ၂၄ရက်နေ့ထိ ၃ရက်ကြာ စာတွေ့ လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်