တောင်တွင်းကြီးမြို့နယ် ညောင်ဝန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး
တောင်တွင်းကြီး၊စက်တင်ဘာ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေးလက်နေပြည်သူများဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ၊လူမှု့စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ညောင်ဝန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒဿမအကြိမ်ထုတ်ချေးခြင်းကိုစက်တင်ဘာလ ၂၄ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက ညောင်ဝန်းကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်း ရောင်ကျေးရွာစီမံကိန်း အသင်းသား၊အသင်းသူများနှင့် တွေ့ဆုံကာမြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်းအရာများ၊အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးကညောင်ဝန်းကျေးရွာ၌ ဒဿမအကြိမ်အဖြစ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၂၈သိန်းအားလွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ညောင်ဝန်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇၁ဦးကို၃၉၇သိန်းငါးသောင်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူကိုးဦးကို ၁၅သိန်းငါးသောင်း၊စက်ချုပ်လုပ်ငန်းဖြင့်အသက်မွေး ဝမ်းကျောင်းလုပ်ကိုင်သူ ကိုးဦးကို ငွေကျပ် ၁၅သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ ၁၈၉ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ်၄၂၈သိန်းထုတ်ချေးပေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်