ကော့မှူးမြို့နယ် သမင်ခြံစံပြကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
==================================
ကေ။့မှူး စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သမင်ခြံစံပြကျေးရွာ၌ ပြည်သူ+ကျေးလက်+ယူနီဆက်အစီအစဉ်ဖြင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိ သူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ တွံတေး ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ ကော့မှူးမြို့နယ် ဦးစီးမှူး ဦးတင်ကိုလတ်နှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ သမင်ခြံစံပြကျေးရွာ၌ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့ စစ်ဆေးကြပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာရေကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပြည်သူ+ကျေးလက်+ယူနီဆက်အစီအစဉ်ဖြင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် သမင်ခြံစံပြကျေးရွာ၌ အရှည်ပေ ၂၅၃၀၀ ခန့်ရှိသော အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ပြည်သူ+ကျေးလက်+ယူနီဆက်အစီအစဉ်ဖြင့် ယူနီဆက်မှ လိုအပ်သောပိုက်များထောက်ပံ့ပေးပြီး ကျေးရွာပြည်သူများ၏ လုပ်အားပါဝင်မှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၆၄ အိမ်မှ လူဦးရေ ၁၆၃၂ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များပါ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း၊ အိမ်တိုင်ရာရောက်စနစ်ဖြစ်သည့်တွက် ရေခပ်ရန်အချိန်ကုန်သက်သာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်