ပျော်ဘွယ် စက်တင်ဘာ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၃ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်နေသော မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ယင်းတော်ကျေးရွာနှင့် ရန်အောင်ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၁ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်ဦးစီးအရာရှိ (မြို့ပြ)တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်