ကျောက်တန်းမြို့နယ် ပီလခတ်(ကုလား)ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
************************************************************************
ကျောက်တန်း၊ စက်တင်ဘာ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၄၇ ဒသမ ၄၉၅ သန်းဖြင့် ပီလခတ်(ကုလား)ကျေးရွာ၌ အမြင့်တင်ရေစင်တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်နေ့က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ပီလခတ်(ကုလား)ကျေးရွာ၌ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းအရှည် ပေ ၂၁၀၀ သွယ်တန်းခြင်း၊ အမြင့်တင်ရေစင်တည်ဆောက်ရန် မြေတူးခြင်းနှင့် အောက်ခြေ ဖောင်ဒေးရှင်း ကွန်ကရစ်လောင်းရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အောက်ခြေ ဖောင်ဒေးရှင်း တည်ဆောက်ရေးသည် ရေစင်တစ်ခုလုံး၏ ကြံ့ခိုင်ရေးအတွက် အဓိကကျသဖြင့် သတ်မှတ်ထားသော ဒီဇိုင်းအတိုင်း စနစ်တကျ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျေးရွာ၌ အမြင့်တင်ရေစင်တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်းများကို San Thone Nadi ကုမ္ပဏီမှ ဝာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက ပီလခတ်(ကုလား)ကျေးရွာရှိ အိမ်ခြေ ၁၂၄ အိမ်၊ လူ ၇၈၁ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေများကို ရာသီမရွေး အိမ်တိုင်ရာရောက် လုံလောက်စွာ ရယူသုံးစွဲ နိုင်မည်ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်