Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ သမဝါယမအသင်းစု၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကျင်းပ


28 Sep,2026

မိတ္ထီလာ စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်သမဝါယမ အသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးစနစ်စီမံကိန်းနှင့် ပြင်ဆင်သည့် သမဝါယမအသင်း ဥပဒေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သမဝါယအသင်းစုချုပ် ဒါရိုက်တာ ဦးဟန်က သမဝါယမသင်းစု အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လွင်က မြို့နယ်အတွင်း အခြေခံသမဝါယမအသင်းများ စနစ်ကျသော သမဝါယမအသင်းများဖြစ်စေရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြို့နယ်သမဝါယမအသင်းစု တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမှုဆောင် အဖွဲ့၏လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပြင်ဆင်သတ်မှတ်မည့် အသင်းစည်းကမ်းများ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများအား တင်သွင်းခြင်း၊ အတည်ပြုခြင်းများ ရယူပြီးနောက် သမဝါယမအသင်းစု အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များကို သတ်မှတ်စည်းကမ်း များနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်