သရက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အုတ်သျှစ်ကုန်း- သပြေစမ်းကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ဝတ်ရည်ဦးတို့က တာဝန်ရှိသူများနှင့်အတူ အုတ်သျှစ်ကုန်း- သပြေစမ်း ကျေးရွာချင်းဆက် မြေနီလမ်းခင်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်က လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
အဆိုပါ အုတ်သျှစ်ကုန်း- သပြေစမ်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မရှိ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၁၄၄ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ ကျေးရွာသူ၊ ကျေးရွာသား များကိုယ်တိုင် ဇွန်လ ဒုတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်ထံမှ သိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်