ရွှေပြည်သာ စက်တင်ဘာ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သမဝါယမ အသင်းစုလီမီတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် သမဝါယမအသင်းစုလီမီတက် အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများအား သဘာပတိကြီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များ ထံတွင် အတည်ပြုရယူခဲ့သည်။
ဆက်လက်၍ တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေသူမြင့်က အသင်းအမှုဆောင်များအား ဥပဒေနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်