သင်္ဃန်းကျွန်း စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ (GEC) သမဝါယမအသင်း လီမိတက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ခြင်း၊ ကတိသစ္စာခံယူခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသပြေခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က အဖွင့်အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဘုန်းမြင့်က သဘာပတိအဖြစ်ဆောင်ရွက်ကာ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများအား အတည်ပြုချက်ရယူကြသည်။
ထို့နောက် ဒါရိုက်တာအဖွဲ့ဝင်အသစ်များရွေးချယ်ခြင်း၊ တာဝန်ခွဲဝေခြင်းနှင့် ကတိသစ္စာခံယူခြင်း တို့အား တိုင်းဦးစီးမှူးရှေ့မှောက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်