ဝါးခယ်မ အောက်တိုဘာ ၁
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် မရမ်းချောင်ကျေးရွာ(အမက)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်းဆောင်ရွက်နေသော စပါးစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများသည် မရမ်းချောင်ကျေးရွာ တောင်သူများ၏ စပါးစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရူကာ သမဝါယမစနစ်ကိုအခြေခံပြီး စုပေါင်းဆောင်ရွက်သည့်စနစ်ကြောင့် ရရှိလာသောအကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်