ကန်ကြီးထောင့် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးသော ဒေသခံ တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု အနောက်စုကြီး ကျေးရွာရှိ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က ဒေသခံတောင်သူများစုပေါင်း၍ ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများက မိမိတို့ဒေသအတွင်း စနစ်ကျသော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ်နှင့် ပတ်သတ်၍ ဆောင်ရွက်မည့် နည်းလမ်းများ ရှင်းလင်းဆွေးနွေးခြင်းနှင့် တောင်သူများမှ တင်ပြသော စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်