နေပြည်တော် အောက်တိုဘာ ၅
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီ၏ (၁/၂၀၂၆)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ လုပ်ငန်းဆပ်ကော်မတီဥက္ကဌ ဒုတိယဝန်ကြီးက နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ၁၉၈၉ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသများနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် (၂၃)ချက်တွင် မိမိတို့ဆပ်ကော်မတီမှ ဆောင်ရွက်ရန် အချက်(၈)ချက် ပါဝင်နေကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက် (၂၂) ချက်တွင် မိမိတို့ဆပ်ကော်မတီမှ ဆောင်ရွက်ရန်အချက် (၁၁) ချက်ပါဝင်နေကြောင်း၊
ပြည်မဒေသများနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ရှိနေသည့် နယ်မြေဒေသများကို ကွာဟမှု နည်းပါးစေရေး ဆောင်ရွက်ပေးသွားရန်၊ ဒေသခံပြည်သူများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ထိရောက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားရန်၊ စားသောက်ကုန်များ ဖူလုံစေရေးအတွက် ဒေသအလိုက် ကုန်ထုတ်လုပ်မှုများကို မြှင့်တင် ထုတ်လုပ်နိုင်ရေး ကြိုပမ်းဆောင်ရွက်သွားရန်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ၁၉၈၉ ခုနှစ်မှစပြီး ယနေ့အချိန်အထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးခဲ့သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် လုပ်ငန်းတိုးတက်ပြီးစီးမှု (Progress) အခြေအနေများ၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ဆောင်ရွက်ခဲ့မှုအပေါ် ပြန်လည်စိစစ်သုံးသပ်ပြီး လုပ်ငန်းကော်မတီသို့ ပေးပို့ရန်၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွက် နယ်စပ် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်လျာထားဆောင်ရွက်သွား ရန်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဆပ်ကော်မတီနှင့် ဆက်စပ် သည့်လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဆောင်ရွက်ရန်ကျန်ရှိမှုများနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် အတွက် လျာထားဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးပေးစေလိုကြောင်း၊
မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက် အဦးများကို ဆောင်ရွက်ပေးခြင်း၊ ပြည်သူပူးပေါင်းပါဝင်မှု အားကောင်းသည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ၊ ခေတ်မီစံပြကျေးရွာစီမံကိန်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ပြည်သူများရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အထောက်အကူပြုသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ခြင်း၊ တစ်နိုင်တစ်ပိုင်လုပ်ငန်း ဆောင်ရွက်မည့်သူများအတွက် အရင်းအနှီး ရရှိရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်းများ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က လုပ်ငန်းစီမံကိန်းလျာထားချက်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီအလိုက် အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြ ကြသည်။ တင်ပြမှုများအပေါ် လုပ်ငန်းဆပ်ကော်မတီဥက္ကဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်