Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း လေးမျက်နှာမြို့နယ်အတွင်း ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


09 Oct,2026

နေပြည်တော် အောက်တိုဘာ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌  ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန (၄)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဦးစီးဌာနအလိုက် တိုင်းဒေသကြီးဦးစီးမှူးများက တိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေးကြီးနစ်မြုပ် ခဲ့သည့် ကျေးရွာများ၌ ပြန်လည်ပြုပြင်ရေး ဆောင်ရွက်မည့် အစီအမံများရေးဆွဲကာ အမြန်ဆုံး ဆောင်ရွက်ပေးရန်နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအချင်းချင်း အချိတ်အဆက်မိမိ ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ကုန် နှင့် ချီးမြှင့်ငွေများ ထောက်ပံ့ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့် ဖြန့်ဝေပေးနေမှု အခြေအနေ အားလည်းကောင်း၊ ချုပ်ကလေး(တောင်) ကျေးရွာ၌ ရေကြီးနစ်မြုပ် သွားသော စက်တပ်တုံကင်တွင်းများနှင့်တွင်းတိမ်များအား ရေကြောင့်ဖြစ်ပွားတတ်သောရောဂါများ မကျရောက်စေရေး တွင်းဆေးလေမှုတ်ဆောင်ရွက်ပေးနေမှု အခြေအနေများအားလည်းကောင်း၊ ခမောက်စုကျေးရွာ ကုန်ထုတ်လမ်းပျက်စီးနေမှုအားလည်းကောင်း ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးမှာ ကြားပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ် မြုပ်မှ ဖြစ်ပေါ်ခဲ့သည့် လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ကျောင်းကုန်း၊ ရေကြည် စသည့် မြို့နယ် ငါးမြို့နယ်မှ ကျေးရွာ ၃၃၃ ရွာရှိ စက်ရေတွင်း ၈၇၃ တွင်း၊ လက်နှိပ်တုံကင်တွင်း ၇၈၄ တွင်းအား တွင်းဆေးလေမှုတ် သန့်စင်ခြင်းနှင့် ရေတွင်း ၅၈၇၆ တွင်းအား ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်