ဘားအံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဌာနမှဆောင်ရွက်သော အိန္နဲကျေးရွာ ဘုရားလုံဘုန်းကြီးကျောင်း အဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း သုည ဒသမ ၆၆၄ ကီလိုမီတာ၊ ကော့ကသောင်- လက္ခဏ - ခလောက်ထောင် ကတ္တရာလမ်း (ကော့ကသောင်- ဗုဒ္ဓဂယာအထိ) ကတ္တရာလမ်း ဘေးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ ဒသမ ၁၈၉ ကီလိုမီတာ လုပ်ငန်းများ ဆောင် ရွက်နေမှုကို နိုဝင်ဘာ ၂၀ ရက်က ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်