Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး ပဲခူတိုင်းဒေသကြီး သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


28 Nov,2026

နေပြည်တော် နိုဝင်ဘာ ၂၆

          နိုင်ငံတော်သမ္မတ၏ “နေပြည်တော်ကောင်စီနယ်မြေ ခရိုင်(၄)ခုအပါအဝင် မိတ္ထီလာ၊ ရမည်း သင်း၊ တောင်ငူ ခရိုင်(၇)ခရိုင်အား စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရေးနှင့် စံပြဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်” လမ်းညွှန်မှာကြားချက် အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အစီအမံ များကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သို့ ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကြံတောကျေးရွာ သို့ သွားရောက်၍ သမဝါယမဦးစီးဌာန၏ သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်း‌ဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် (CBF) စီမံကိန်း (Pilot Project) အဖြစ် ဆောင်ရွက်သည့် မှော်ဘီ-၂ မျိုးစပါး ဧက(၁၀၀) ရိတ်သိမ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုးတက်အောင် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ၁၈ ဦးနှင့် တွေ့ဆုံ ကာ မျိုးကောင်းမျိုးသန့်များ တိုးချဲ့ထုတ်လုပ်၍ သမဝါယမအသင်းအချင်းချင်း ပံ့ပိုးပေးနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တောင်ငူမြို့၊ ကေတုမတီ ငါးမွေးမြူရေးကုန်ထုတ်သမဝါယမ အသင်းသို့ သွားရောက်၍ တောင်ငူခရိုင်အတွင်းမှ နိုင်ငံတော်ထောက်ပံ့ငွေ၊ လူမှုစီးပွားရေးမြှင့်တင် ရေး (သက်တန့်ရောင်) စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တိုင်းဦးစီးမှူးတို့က လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းများ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အား သမဝါယမ အသင်းသား တောင်သူများ လိုက်နာဆောင်ရွက်ရာတွင် လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေး ကွင်းဆင်း လာရောက်ခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးလျက်ရှိသည့် စီမံကိန်းများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေတိုးရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားကာ စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ ရောနှောအသုံးပြု ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆက်လက်တိုးချဲ့ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။

          ယင်းနောက် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အသင်းမှ မွေးမြူထားသော ငါးကန်များ နှင့် ဘဲများအား ကြည့်ရှုစစ်ဆေးကာ သဘာဝဘေးကြောင့် ပျက်စီးမှုများ ထပ်မံမဖြစ်စေရေး၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၏ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားကာ ညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အုတ်တွင်းမြို့နယ် သမဝါယမအသင်းစုရုံးသို့ သွားရောက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး သမဝါယမအသင်းများမှ အသင်းသားတောင်သူ (၉၃) ဦးနှင့်တွေ့ဆုံကာ သမဝါယမစိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ စနစ်တကျဖြင့် အောင်မြင် ‌အောင် ဆောင်ရွက်နိုင်ရေး၊ ဆက်လက်တိုးချဲ့နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းလီမိတက်သို့ သွားရောက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်း (၅) သင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ လူငယ့်အားမာန် အသင်းဥက္ကဋ္ဌနှင့် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက စနစ်ကျသော သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်စေရန်နှင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမ အသင်းပိုင် ခြံအတွင်း ဆောင်ရွက်နေသည့် နေဗီယာမြက်စိုက်ခင်း၊ ဒေသနွားမွေးမြူရေးခြံ၊ စပါး အခြောက်ခံစက်များ၊ ၁၈ တန်ကျဆန်စက်၊ စပါးမျိုးသန့်စက်၊ သဘာဝမြေဩဇာလုပ်ငန်းနှင့် မတ်ပဲ စိုက်ပျိုးရန် မြေယာပြုပြင်နေမှုများအား လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်