Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‎လောင်းလုံးမြို့နယ်၌ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှုမဖြစ်ပေါ်စေရေး အသိပညာပေး


25 Nov,2026

‎လောင်းလုံးမြို့နယ်၌ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှုမဖြစ်ပေါ်စေရေး အသိပညာပေး

‎****************************************

‎လောင်းလုံး ၊ နိုဝင်ဘာ ၂၅

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် သောက်သုံးရေရှားပါးမှုများ မဖြစ်ပေါ်စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ဟောပြောပွဲတွင် လောင်းလုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် ဦးစီးမှူး ဦးအောင်ထွန်းလေးမှ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်နိုင်ပြီး ရေရှားပါးခြင်းနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန် ရှောင်ရန်များ၊ သောက်သုံးရေကို ကြိုတင်စုဆောင်းထားရှိခြင်း၊ ရေသိုလှောင်ကန်များကို ခြင်မပေါက်ဖွားနိုင်ရေး အဖုံးဖြင့်သန့်ရှင်းစွာထားရှိရန်၊ ရေကိုချွေတာသုံးစွဲကြရန်နှင့် လိုက်နာဆောင်ရွက် ရမည့်အချက်များကို အသိပညာပေးပြောကြားသည်။

‎‎ထို့နောက် ဝန်ထမ်းများက သောက်က်သုံးရေရှားပါးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

‎အဆိုင်ပါဟောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကဒက်ငယ်ဆိပ်​ကျေးရွာနှင့် တီဇစ်ကျေးရွာတို့မှ ကျေးရွာသူ ကျေးရွာသား ၆၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်