Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်ခရိုင် ကျေးလက်နေ ပြည်သူများအတွက် လမ်း၊ တံတားများ အဆင့်မြှင့်တင်


13 Mar,2023

နေပြည်တော် မတ် ၁ဝ

          မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ ကျေးရွာ ၂၉၃ ရွာတွင် နေထိုင်သည့် ပြည်သူ ၁၉၃၅၅၆ ဦးကို အကျိုးပြုနိုင်ရန်အတွက် သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ခရိုင်အတွင်းရှိ ကျေးလက်လမ်း၊ တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

             “၂၀၂၂ -၂၀၂၃ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီး (ငွေလုံးငွေရင်း၊ ဖြည့်စွက်၊ ပြင်/ထိန်း၊ ဒေသဖွံ့ဖြိုးရေး) ရန်ပုံငွေနဲ့ ကွန်ကရစ်လမ်း ၁ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၂ မိုင် ၂ ဒသမ ၇၅ ဖာလုံ၊ ကျောက်ချောလမ်း ၃ မိုင် ၇ ဒသမ ၈၂ ဖာလုံ ၊ ဂဝံ/ မြေနီ ၇၂ မိုင် ၆ ဖာလုံ၊ Submersible bridge တစ်စင်း၊ ကွန်ကရစ်တံတား ခုနစ်စင်း၊ ရေကျော် ခုနစ်စင်း၊ Box Culvert ၁၉ စင်းနဲ့ အခြားလုပ်ငန်းတစ်ခုကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဇာလှိုင်သန်းက ပြောသည်။

            ထို့အတူ ခရိုင်အတွင်းရှိလမ်းမိုင် ၁၄ မိုင် ၃ ဒသမ ၄၅ ဖာလုံ နှင့် တံတား ၁၅ စင်းတို့ကို ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ နှစ်ကုန်တွင် ကျေးလက်လမ်းပေါင်း ၅၀၄ လမ်းနှင့် မိုင်ပေါင်း၁၃၄၅ မိုင် ၇ ဒသမ ၆၆ ဖာလုံနှင့် အဆိုပါလမ်းများပေါ်ရှိ တံတားပေါင်း ၃၀၉ စင်း အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး (၈၀ ရာခိုင်နှုန်း) ရာသီမရွေး သွားလာနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဘီ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်