Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တော်ဝင်မိုင်းယောင်းအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်ပိုင် တန် ၃၀ ဆန်စက်က စပါးများ ကြိတ်ခွဲဆောင်ရွက်လျက်ရှိ


17 Mar,2023

မိုင်းယောင်း၊ မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်ရှိ နန့်ယွန်းကျေးရွာတွင် တော်ဝင်မိုင်းယောင်း အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်ပိုင် တန် ၃၀ ဆန်စက်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အသင်းပိုင်ဆန်စက်လုပ်ငန်းအတွက် လိုအပ် သောစပါးများအား လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရန်နှင့် ဒေသတွင်း ဆန်ဖူလုံစေရန်အတွက်  စပါး စိုက်တောင်သူများအား စုစည်း၍ သမဝါယမအသင်း ၉ သင်းကို ဖွဲ့စည်းခဲ့ပြီး တောင်သူများနှင့် ချိတ်ဆက်၍ စပါးဝယ်ယူကြိတ်ခွဲဆောင်ရွက်လျက်ရှိသည်။

အသင်းအနေဖြင့် ဒေသခံတောင်သူများထံမှ ဒေသထွက်စပါးမှော်ဘီ - ၃ နှင့် ကောက်ညှင်း စပါးများ ဝယ်ယူ၍ အသင်းပိုင်ဆန်စက်တွင် တစ်ရက်လျှင် တန် ၃၀ အိတ် ၁၀၀၀ ကြိတ်ခွဲနိုင်ပြီး ဆန်လုံးချောများကို ကီလိုဂရမ်ဖြင့် အသင်းသားများနှင့် စားသုံးသူများထံသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်