Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတောင်မြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင်ဆီစက်က နေကြာနှင့် မြေပဲဆီများ ကြိတ်ခွဲ ဖြန့်ဖြူး ရွှေတောင်မြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင်ဆီစက်က နေကြာနှင့် မြေပဲဆီများ ကြိတ်ခွဲ ဖြန့်ဖြူး


03 Apr,2023

ရွှေတောင်၊ ဧပြီ 3

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ရုံးဖြတ်လမ်းရှိ မြို့နယ် သမဝါယမအသင်းစုလီမိတက်ပိုင်ဆီစက်သည် နေကြာနှင့် မြေပဲများကို ကြိတ်ခွဲလျက်ရှိသည်။ ဆီကြိတ်ခွဲမှုအတွက် လိုအပ်သောကုန်ကြမ်းများကို ရွှေတောင်မြို့နယ်အတွင်းနှင့် ပြည်မြို့ရှိ ပွဲရုံများမှ ဝယ်ယူရရှိပြီး ကုန်ချောထုတ်လုပ်မှုအနေဖြင့် တစ်လလျှင် နေကြာဆီပိဿာချိန် ၂၃၄ နှင့် မြေပဲဆီပိဿာချိန် ၅၁၃ ထွက်ရှိသည်။ ထွက်ရှိလာသော နေကြာဆီနှင့် မြေပဲဆီများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သမဝါယမအသင်းစုများနှင့်ချိတ်ဆက်၍ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်