Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီဖြန့်ဖြူးရောင်းချ


12 May,2023

ဘားအံ၊ မေ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနအစီအစဉ်ဖြင့် သမဝါယမဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေဖြင့် ရယူဆောင်ရွက်လျက်ရှိသော ဘားအံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များသမဝါယမအသင်း နှင့် ဆီစက်လုပ်ငန်းရှင်များသမဝါယမအသင်းတို့မှ ဒေသတွင်းထုတ်လုပ်သည့် ဆန်နှင့် ဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်၍ လဆိုင်းစနစ်ဖြင့် ရောင်းချပေးခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ၁၆ ခုရှိ ဝန်ထမ်းများအား ဆန် ၁၉၃ အိတ် (တန်ဖိုးငွေကျပ် ၁၃၃၅၃၀၀၀/-) နှင့် မြေပဲဆီ ၁၄၀ ပိဿာ (တန်ဖိုးငွေကျပ် ၁၉၆၀၀၀၀)၊ စုစုပေါင်းငွေကျပ် ၁၅၃၁၃၀၀၀ တို့ကို မေ ၉ မှ ၁၁ ရက်နေ့ထိ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်