Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒလမြို့နယ်တွင် မော်တော်ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်


17 May,2023

ဒလမြို့နယ်တွင် မော်တော်ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို မေ ၁၅ ရက် နံနက် ၁၀ နာရီက ဒလမြို့နယ် သပြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

      သင်တန်းဖွင့်ပွဲတွင် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်−၂ ဦးရွှေလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းက ဒလမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့အား ရှင်းလင်းပြောကြားသည်။

      အဆိုပါသင်တန်းသို့ ကျေးရွာများမှ သင်တန်းသား ၂၀ တက်ရောက်ကြပြီး မော်တော်ဆိုင်ကယ် ပြုပြင်နည်းလမ်းများအား နှစ်ပတ်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်