Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် နိုင်းကြာ-လှိုင်ဝါးကျေးရွာ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


12 Jun,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄၄ ခု ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံ ငွေကျပ် ၁၁၁ ဒသမ ၃၇၅ သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘားအံမြို့နယ်၊ နိုင်းကြာ-လှိုင်ဝါးကျေးရွာ ကျေးလက်ရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၉  နာရီ အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းဇော်၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီဝင်များ နှင့်အတူ  နိုင်းကြာ-လှိုင်ဝါးကျေးရွာ ကျေးလက်ရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

နိုင်းကြာ-လှိုင်ဝါးကျေးရွာ ကျေးလက်ရွာချင်းဆက်လမ်း  အရှည် တစ်မိုင် ငါးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် ၁၁၁ ဒသမ ၃၇၅ ဖြင့် တင်ဒါအောင်မြင်သည့် ဝေပုံမြ ကုမ္ပဏီမှ မေလ တတိယအပတ်မှ စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါကျေးရွာ ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပြီးပါက  ကျေးရွာနှစ်ရွာရှိ ကျေးရွာပြည်သူများအတွက် ရာသီမရွေး သွားလာရေး လွယ်ကူအဆင်ပြေသွားမှာဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်