Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ် မေရှိုးမန်းသယ်ယူပို့ဆောင်ရေးသမဝါယမအသင်းလီမိတက်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်စရိတ်ထောက်ပံ့


14 Jun,2023

ပြင်ဦးလွင်၊ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မေရှိုးမန်းသယ်ယူပို့ဆောင်ရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့  မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်၊ ပြင်ဦးလွင်ခရိုင် ပို့/ဆက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်နိုင်ဦး၊ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသား အသင်းသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တက်ရောက်လာသော အသင်းသား အသင်းသူများအား အစုပေါ် အမြတ်ငွေကျပ် ၈၆ သိန်း၊ ယာဉ်မှူးဝန်ထမ်းလုပ်အားချီးမြှင့်ငွေကျပ် ၁၄.၆ သိန်းနှင့် ပညာသင် စရိတ်ထောက်ပံ့ငွေကျပ် ၁၆ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၁၆.၆ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်