Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ်တွင် မွေးမြူရေးနှင့်အထွေထွေစီးပွားရေး လုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ပေးအပ်


31 Jul,2023

ချောင်းဆုံ၊ ဇူလိုင် ၂၈ 

          မွန်ပြည်နယ် ချောင်းဆုံမြို့နယ်သမဝါယမဦးစီးဌာနမှ ပြည်သူများ မွေးမြူရေးနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သိန်း ၁၅၀ မတည်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို  မြို့နယ်သမဝါယမဦးစီးဌာန ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

          အခမ်းအနားတွင် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်မှူး ဒေါ်ခင်မာအေးက အဖွင့် အမှာစကားပြောကြားပြီး ကရင်ဝင်းစိန်ကျေးရွာ မွေးမြူရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ အသင်းသား/သူ ၂၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၇ သိန်း ၅ သောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း(၁၅၀)ကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ သမဝါယမအသင်း လီမိတက် ၆ သင်းကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း မတည်ထောက်ပံ့ငွေများကို အတိုးနှုန်း ပြား ၅၀ နှုန်းဖြင့် တစ်နှစ်ပြည့်မှသာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်