ရပ်စောက်၊ ဩဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့၊ မြို့မဈေးသမဝါယမအသင်း လီမိတက်၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ရဿဝတီခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် သဘာပတိ ဦးမြင့်သိန်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်တို့က အမှာစကားပြောကြားပြီးနောက် ဒါရိုက်တာအဖွဲ့၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုစာရင်းများကို ဖတ်ကြားတင်ပြခြင်း၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ၊ အမြတ် ခွဲဝေမှုစာရင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခြင်း၊ အသင်း စည်းကမ်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသင်းသားများ၏ အကြံပေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားပြီး ရှင်းလင်းချက်များ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ရပ်စောက်မြို့၊ မြို့မဈေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ တက်ရောက်လာသည့် အသင်းသားများကို အစည်းအဝေးစရိတ်နှင့် ထောက်ပံ့စရိတ်ငွေကျပ် (၆၃.၁၂) သိန်း၊ အသင်းသား များ၏ စုဆောင်းငွေပေါ်အတိုးငွေကျပ် (၃၄၀) သိန်းတို့ကို အသင်းသား (၅၂၆)ဦးတို့အား ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမအသင်းလီမိတက် တာဝန်ခံထံမှ သိရသည်။
ဆုမွန်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်