Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အရှေ့-အာရှကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း” လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


11 Aug,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၏ “အရှေ့-အာရှကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း” လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၁-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ စီမံကိန်းဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါအစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်တိုင်း ညွှန်ကြားရေးမှူး၊ စီမံကိန်းတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်