Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုလောမြို့နယ် ဝါးကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေး


25 Aug,2023

ပုလော ဩဂုတ် ၂၅ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝါးကုန်းကျေးရွာ၌ကျေးရွာမတည်ရန် ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးခြင်းကို  ဩဂုတ်လ  ၂၂ ရက်နံနက်  နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပုလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင် ပြည့်စုံဦးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စီးပွါးရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ် သည့်ငွေကြေးအရင်းအနှီးရရှိစေနိုင်ရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးလက်ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိက ကျေးရွာမတည်ရန်ပုံငွေကော်မတီဝင်များထံ ရန်ပုံငွေကျပ် ၂၉၀ ဒသမ  သိန်း လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက ဝါးကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေ စတုတ္ထအကြိမ်အဖြစ် စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ်လုပ်ငန်းနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ  စုစုပေါင်း အသင်းသား၊အသင်းသူ ၄၇ ဦးကို ရန်ပုံငွေကျပ် ၂၉၀ ဒသမ  သိန်း ထုတ်ချေးပေးခဲ့ကြောင်း ပုလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ပြည့်စုံဦးထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်