Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းဆောင်ရွက်လျက်ရှိ


28 Aug,2023

         မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ်၌ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

     မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

      ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကျေးရွာ လေးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မိတ္ထီလာ - ကျောက်ပန်း တောင်းလမ်းမှ အိုင့် - သနပ်အိုင့် လမ်းအရှည် ၁ ဒသမ ၂၀၅ ကီလိုမီတာ ကတ္တရာခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇူလိုင်လမှ စတင်ဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် အဆိုပါလမ်းပေါ်၌ အရှည်ပေ ၁၅ဝ ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိသည်။

      အဆိုပါ လမ်းနှင့်တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိုင့်၊ သနပ်အိုင့်၊ ကျောက်တိုင်၊ ကမ္မ ကျေးရွာတို့မှ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေး အဆင်ပြေချောမွေ့ စွာသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်