Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝိုင်းမော်မြို့နယ်၌ GEC (ပညာရေး) သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲကျင်းပ


04 Sep,2023

ဝိုင်းမော်၊ စက်တင်ဘာ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် GEC(ပညာရေး)သမဝါယမအသင်း လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍ‌ရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမတွင် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအံ့ခိုင်မှ ဆောင်ရွက်ပြီး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးကျော်သူမှ ဝိုင်းမော်မြို့နယ် အတွင်း သမဝါယမအသင်းများဖွဲ့စည်းထားရှိမှုနှင့် သမဝါယမအသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် သမဝါယမအသင်းများ တိုးတက်များပြားရေးတို့အတွက် လမ်းညွှန်အမှာစကားပြောကြား ပြီး တာဝန်ရှိသူများက အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြား တင်ပြကာ တက်ရောက်လာသည့် အသင်းသား/သူများက ဖတ်ကြားရှင်းလင်းချက်များအပေါ် ပြန်လည်အကြံပြုဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် သဘာပတိနှင့် တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားကာ သဘာပတိမှ တက်ရောက်လာသူများထံမှ အတည်ပြု ချက်ရယူခဲ့သည်။

ဆက်လက်၍  သဘာပတိနှင့်တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ (၅)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၄၄)ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး GEC(ပညာရေး) သမဝါယမ အသင်းလီမိတက်မှ နှုတ်ထွက်သွားသူများနေရာတွင် အမှုဆောင်သစ်များအား အများသဘော ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခဲ့ပြီး ၂၀၂၃-၂၀၂၃ ဘဏ္ဍာရေးနှစ် အမှုဆောင်သစ်များအား ဥက္ကဋ္ဌမှ အတည်ပြုချက်ရယူ၍ သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားသို့ GEC (ပညာရေး)သမဝါယမအသင်းလီမိတက်သဘာပတိနှင့် အမှုဆောင်ကော်မတီဝင်များ၊ အသင်းဝင် များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများအင်အား(၅၀၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိ သည်။

ဖြူစင်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်