Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ် ကန်ရိုးကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေး


05 Sep,2023

မန္တလေး စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ကန်ရိုးကျေးရွာအတွက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ကျေးလက်နေပြည်သူများ၏ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေး နိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စတုတ္ထအကြိမ်အဖြစ် အမရပူရမြို့နယ်၊ ကန်ရိုးကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး  အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသား ၉၄ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၄၄ ကို ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ပြောပြ၍ သိရသည်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်