Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုလောမြို့နယ်၌ မိုးစပါးစိုက်ပျိုး တောင်သူ(၃၄)ဦးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး(မြစိမ်းရောင်) စီမံကိန်း မတည်ချေးငွေ (၄၇၆)သိန်း ထုတ်ချေး


06 Sep,2023

ပုလော  စက်တင်ဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာနရှိ မိုးစပါးစိုက်ပျိုးသူတောင်သူ များအား အသင်းဝင်များကို နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်) စီမံကိန်းမတည်ချေးငွေဖြင့် ငွေကျပ်(၄၇၆)သိန်း ထုတ်ချေးပေးခြင်းအခမ်းအနားကို ပုလောမြို့နယ် သမဝါယမဦးစီးဌာနတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် သမဝါယမ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညွှန့်ညွှန့်ဝေက အသင်းဝင် မိုးစပါးစိုက်ပျိုးတောင်သူများအနေဖြင့် အရည်အသွေး ပြည့်မီ သော မျိုးစပါးများကို အသုံးပြုခြင်းဖြင့် တစ်ဧကထွက်နှုန်းတိုးတက်စေရန်၊ မိသားစုအတွင်း ဝင်ငွေတိုးလာ စေရန်နှင့်ဒေသအတွင်း စားဝတ်နေရေးဖူလုံလာစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုလောမြို့နယ် သမဝါယမဦးစီးဌာနရှိ အသင်းစုများထဲမှ မိုးစပါးစိုက်ပျိုး တောင်သူ (၃၄)ဦးရှိ ကြောင်း၊ အဆိုပါ တောင်သူ(၃၄)ဦးတွင် မိုးစပါးစိုက်ဧက(၂၃၈) ဧကရှိကြောင်း၊ သွင်းအားစုနှင့် မျိုးစပါးများဝယ်ယူနိုင်ရန်အတွက် တစ်ဧကလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ငွေကျပ် (၄၇၆)သိန်းကို အတိုးနှုန်း(၁)ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်