Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောင်တောမြို့နယ် ရွာသာယာကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်းတည်ဆောက်နေမှု စစ်ဆေး


08 Sep,2023

မောင်တော       စက်တင်ဘာ         ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရွာသာယာကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မောင်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများသည် ရွာသာယာကျေးရွာတွင်းလမ်းအရှည် ၇၅၀ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၈ လက်မ ကွန်ကရစ်ခင်းခြင်းနှင့် အလျား ၁၂ ပေ အနံ ၄ ပေ အမြင့် ၄ ပေရှိသော Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက အဆို ပါလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်လျက်ရှိသော Diamond Road ကုမ္ပဏီမှ တာဝန်ရှိသူအား လုပ်ငန်းများအားလုံး ဌာနမှသတ်မှတ်ထားသော စံနှုန်းများအတိုင်း စနစ်တကျဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ရွာသာယာကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းနှင့် Box Culvert (၂)စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၂၂ ဒသမ ၇၃၆သန်းဖြင့် Diamond Road ကုမ္ပဏီက တာဝန်ယူ၍ ယခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က စတင်ဆောင်ရွင်ခဲ့ရာ ယနေ့တွင် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၇၆ အိမ်၊ လူ ၃၁၈ ဦးအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေးသွားလာနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း မောင်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်