Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လောင်းလုံးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးသွင်းအားစု မတည်ချေးငွေ (သမဝါယမကဏ္ဍ)ပေးအပ်ပွဲ အခမ်းအနားကျင်းပ


11 Sep,2023

လောင်းလုံး စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌  (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါးဧက (၁၀၀၀၀) စိုက်ပျိုးရေးစီမံကိန်း(၁)ဧက အထွက်နှုန်းတိုးတက်ရေး (မြစိမ်းရောင်) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်အတွင်းရှိ ရွှေလင်းထိန် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ(၃၉)ဦးအား မတည်ငွေ(မျိုးစပါး၊ ဓာတ်မြေသြဇာ)ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် လောင်းလုံးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြို့နယ်အဆင့် မျိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် အဆင့်မျိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဦးအောင်ဝင်းမှ လောင်းလုံးမြို့နယ်အတွင်း မိုးစပါးရာသီတွင် မိုးစပါးအကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုအခြေအနေ မတည်ချေးငွေနှင့်ပတ်သက်၍ ချေးငွေဆိုင်ရာဆောင်ရွက်မှုအခြေ အနေ၊ မိုးစပါးတောင်သူများအား လယ်(၁)ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသောသွင်းအားစု များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေထုတ်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေပြီး လောင်းလုံးမြို့နယ်အတွင်း ရွှေလင်းထိန်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ(၃၉) ဦး၊ စိုက်ပျိူးဧက(၂၇၂)ဧကအတွက် မတည် ချေးငွေ (၅၄၄) သိန်းအား မြို့နယ်အဆင့်မျိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်မှ လောင်းလုံးမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းစိန်သို့ လွှဲပြောင်းပေးအပ်ခြင်း၊ ဝိုင်းကြီးချုပ် အဖွဲ့(၆)ဖွဲ့သို့ အဖွဲ့အလိုက် ထုတ်ချေးပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ အတွင်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုအမှုဆောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွှေလင်းထိန်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းအမှုဆောင်များ၊ မတည်ချေးငွေရရှိသည့် အသင်းသားတောင်သူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သိန်းသိန်း(လောင်းလုံး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်