Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရှမ်းပြည်နယ်ရှိ ဝန်ထမ်းများ၊ အသင်းသားများ၊ မိုးစပါးစိုက်တောင်သူများ တွေ့ဆုံ


13 Sep,2023

တောင်ကြီး  စက်တင်ဘာ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရသည် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနနှင့် သင်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ(၁) နာရီခွဲက တောင်ကြီးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)၌ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်  ဟယ်ကယ် ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌  ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ် (၁၈) မြို့နယ်မှ မိုးစပါး စိုက်ပျိုးသည့်သမဝါယမအသင်းများရှိ အသင်းအမှုဆောင်များ၊ မြို့နယ်ဦးစီးအရာရှိများ၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများမှ နိုင်ငံ့ စီးပွားရန်ပုံငွေဖြင့်သော်လည်းကောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်သော်လည်းကောင်း၊ အသင်းအချင်းချင်းပံ့ပိုးမှုဖြင့်သော်လည်းကောင်း၊ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများဖြန့်ဖြူးပေးနိုင်မှုနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအစီ အစဉ် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးအရာရှိများ သမဝါယမအသင်းအဆင့်ဆင့်မှ အသင်း အမှုဆောင်များက အသီးသီးတင်ပြကြရာ တင်ပြချက်များအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်