သရက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မုဆိုးရင်ကျေးရွာ၌ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီး ရရှိစေရန် ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မား ရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးယုနိုင်လင်းက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း(RBF) လက်စွဲစာစောင်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ၊ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ၏ ဥပဒေ၊နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက RBF စီမံကိန်းကော်မတီဝင်များ ထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကျေးရွာ RBF စီမံကိန်း ကော်မတီဝင်များက မုဆိုးရင်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း(RBF) ပထမ အကြိမ် ၈၀ ရာခိုင်နှုန်း အဖြစ် နွားမွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သည့် လရောင်ခြည်အဖွဲ့ နှင့် ငွေတိုးတိုးအဖွဲ့ ၊ CP ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဆန်းသစ်လမင်းအဖွဲ့ နှင့် Piggy Star အဖွဲ့ တို့အား တစ်ဖွဲ့လျှင် ကျပ်သိန်း ၆၀ စီ ဖြင့် စုစုပေါင်း အဖွဲ့ လေးဖွဲ့ ထံသို့ ကျပ်သိန်း ၂၄၀ ထုတ်ချေးပေးခဲ့ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်