Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချမ်းမြသာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၂-၂၀၂၃ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


13 Sep,2023

ချမ်းမြသာစည် စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းကြည်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချမ်းမြသာစည်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး အကြောင်းအရာများ၊‌ ငွေစုငွေချေးဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့် ညွှန်ကြားချက်များကို အသင်းသားများအား ချေးငွေ များ ထုတ်ပေးရာတွင် ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးသွားမည့်အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး တာ၀န်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနမှ ငွေစုငွေချေးအသင်းသား (၃၄၄) ဦးအား တစ်ဦးလျှင် ၂၀၀၀ဝိ/နှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး အသင်းသားများ၏ သား/သမီး များအနက် တက္ကသိုလ်၀င်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ သူများ ကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာနတာ၀န်ရှိသူများ၊‌ ငွေစုငွေချေးအသင်းသားများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း(မြို့နယ်ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်