Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေရယူထားသော သမဝါယမအသင်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်း ဖွင့်လှစ်


19 Sep,2023

ဘားအံ  စက်တင်ဘာ ၁၉

ကရင်ပြည်နယ်သမဝါယမဦးစီးဌာနက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေရယူထားသည့် သမဝါယမအသင်းများရှိ အသင်းအမှုဆောင်များနှင့် စာရင်းကိုင်များအနေဖြင့် စာရင်းဇယားများကို ကိုယ်တိုင်စာရင်းရေးသွင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် အဖြစ် အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို စက်တင်ဘာလ ၁၆ မှ ၁၇ ရက်နေ့ထိ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌  ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် ဒုတိယပြည်နယ် ဦးစီးမှူး ဦးကျော်စွာဦးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့သည်။

သင်တန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ပံ့ပိုးပေးရခြင်းရည်ရွယ် ချက်၊ ချေးငွေထုတ်ချေးရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ အသင်းတွင်ထားရှိရ မည့် စာရွက်စာတမ်း၊ အထောက်အထားများ၊ စာရင်းရေးဆွဲနည်းများ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား သင်ကြားပို့ခဲ့ချပြီး အသင်းများ၏စာရင်းများအား လက်တွေရေးဆွဲ စေခြင်းများ ဆောင်ရွက်ခဲ့သည်။

သင်တန်းသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ရယူထားသော ဆန်စက်၊ ဆီစက်၊ သွင်းအားစု၊ မွေးမြူရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် သမဝါယမအသင်း ၄ သင်းမှ အသင်းအမှုဆောင်များနှင့် စာရင်းကိုင်များ တက်ရောက်ခဲ့ပြီး အဆိုပါ အသင်း ၄ သင်းအား နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေကျပ်သန်း ၂၂၂၁.၆ အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်